Saturday, July 26, 2008

ပျားမှ ထုတ်လုပ်သည့်ကော်သည် အကောင်းဆုံးဖြစ်သည်။

ပျားများမှထုတ်လုပ်သည့်ကော်၏ အတ္ထုပ္ပတ္တိအကျဉ်းမှာ ကမ္ဘာပေါ်တွင် အခြေခံကျပြီး အများ လက်ခံအသုံးပြုလျှက်ရှိသော ဆေးဖက်အ၀င်ဆုံးသော အရာတစ်ခုဖြစ်သည့်အပြင်၎င်းသည် သဘာဝပဋိဇီဝ ပစ္စည်းတစ်မျိုးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာကပင်စတင်၍အသုံး ပြုရာ၌ ၄င်းတွင် အဟာရဓါတ်နှင့်ပြည့်စုံပြီး ခွန်အားဗလဖြစ်စေသော အာနိသင်ဖြစ်သည့်အပြင် အဆိပ်အတောက်လုံးဝကင်းစင်ပြီး အလွန်ဆေးဖက်ဝင်သောဆေးတစ်မျိုးဖြစ်ကြောင်း အများစူးစမ်းလေ့လာသိရှိခဲ့ပြီးဖြစ်သည်။ ပျားများမှထုတ်လုပ်သည့်ကော်ကို အင်္ဂလန်နိုင်ငံ တွင် မူပိုင်မှတ်ပုံတင်ထားသောဆေးတစ်ခုအနေဖြင့် အထူးသန့်စင်မှုများကို လုပ်နည်း အစဉ်ဖြင့် တစ်ကုမ္ပဏီတည်းမှ ထုတ်လုပ်အသုံးချခွင့်ပေးအပ်ထားသော ဆေးတစ်မျိုးဖြစ် သည်။ ၄င်းဆေးသည် သာမာန် သန်စွမ်းစေနိုင်သည့် တန်ခိုးအကြီးဆုံးနှင့် ယောင်္ကျား များအတွက် ပန်းသေပန်းညှိုးခြင်းမရှိ၊ ကာမဆန္ဒကို(၅၀%)မြှင့်တင်ပေးသည့်အပြင် အရည် အသွေးမှန်ကန်ကြောင်း အာမခံချက်ပေးထားသည့် ဆေးတစ်မျိုးဖြစ်သည်ကို ကျန်းမာခြင်း အတွက်ထုတ်လုပ် သည့်အစားအစာများ ထုတ်လုပ်သူများ၏အသင်းကြီးမှ သန့်စင်ကြောင်း ကို အတိအလင်းအာမခံချက်ပေးထားပေသည်။ ပျားမှထုတ်လုပ်သောကော်သည် သဘာဝဟင်းသီးဟင်းရွက်များမှ ထုတ်ကုန်တစ်ခု ဖြစ်ကြောင်းနှင့် အရက်သေစာလုံးဝကင်းစင်ပြီး ရေထဲတွင် အရည်ပျော်ဝင်နိုင်သော ဆေးသန့်တစ်မျိုးဖြစ်သဖြင့် အင်္ဂလန်နိုင်ငံတွင်ရှိသော ``ဟာလာ(လ်)´´ အစားအစာထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ အစည်းမှ ဆုတံဆိပ်လက်မှတ် ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ပျားမှထုတ်လုပ်ထားသည့်ကော်သည် သေချာစွာအဆင့်ဆင့် စစ်ဆေး စမ်းသပ်ခဲ့ရာ၌ တားမြစ်ထားသောအရာ တစ်ခုမှမပါရှိကြောင်းတွေ့ရှိရပါသည်။ ကုန်ပစ္စည်း ထုတ်လုပ်မှု သုတေသနနှင့် စမ်းသတ်စစ်ဆေးမှုအားလုံးကို အထူးကျွမ်းကျင်ပြီး ကျော်ကြား၍အတွေ့အကြုံများသော ဆေးဝါးဗေဒပညာရှင်များ၊ ဓာတုဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများအပြင် နာမည်ကြီးသုတေသနပညာရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ အစည်း အနေဖြင့် စီမံပြုစု စုစည်းပြီး ပြီးပြတ်အောင် ဆောင်ရွက်ထားသည်။

0 comments:

Template by : kendhin x-template.blogspot.com