ပျားမှထုတ်လုပ်သည့် ကော်ရည်သည် သစ်စေးကဲ့သို့ အရည်ပြစ်ပြီး ပျားများအနေဖြင့် သစ်ရွက်များ သစ်ပင်၏အခေါက်များနှင့် သစ်ပင်များ၏ အညွန့်အဖူး အတက်များမှ လွန်ခဲ့သည့် နှစ်သန်းပေါင်း(၈၀)ခန့်မှ ထုတ်လုပ်ဖြစ်ပေါ်ခဲ့သည့် သစ်စေးများမှ စုယူထုတ်ပေး ခဲ့သည်။ ပျားများသည်၎င်းတို့ခန္ဓာကိုယ်မှထုတ်လုပ်သည့် ကော်ရည်များကိုအသုံးချပြီး အက်ကွဲကြောင်းများ၊ အပေါက်များကို ပိတ်ဆို့ခြင်း၊ ပျားအုံများ၏အမိုးများအဖြစ် အသုံးပြုကြ သည့်အပြင် ပြင်ပမှရောဂါဖြစ်စေတတ်သည့် အရာများနှင့် ညစ်ညမ်းသောအရာများမှ ကာကွယ် သည့်အရာအနေဖြင့် အသုံးပြုသည့်အပြင် သဘာဝရောဂါပိုးများအား ပျက်စီးစေ သော ပဋိဇီဝပစ္စည်းနှင့် ကူးစက်တတ်သော ဗိုင်းရပ်(စ်)ရောဂါပိုးများကို ကာကွယ်ပေးနိုင် သဖြင့် လူတွေကလည်း ထိုအကျိုးကို ထောက်ရှုပြီး ကူးစက်တတ်သောရောဂါများကို ဆန့်ကျင် တိုက်ခိုက်ရန် ကြိုးစားလျက်ရှိကြသည်။ ရှေးပဝေသဏီခေတ်ပေါင်း ထောင်ပေါင်း များစွာမှစ၍ ပျားများမှ ထုတ်လုပ်သည့် ကော်ရည်များကို သဘာဝကျန်းမာသန်စွမ်းရေး အတွက် ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြသည်။ ကမ္ဘာအနှံ့အပြားတွင် ပျားများမှထုတ်လုပ်သည့် ကော်များကို နည်းအမျိုးမျိုးဖြင့် လေ့လာဆည်းပူး သုတေသနပြုလုပ်ကြပြီး လက်တွေ့ သရုပ်ဖော် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ၌ ၄င်းပျားများမှထုတ်လုပ်သည့် ကော်များသည် လူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ကပ်ရောဂါဆိုးအတော်များများမှ ကာကွယ်နှိမ်နှင်းနိုင်ကြောင်း တွေ့ရှိလာကြပြီး ယနေ့ကမ္ဘာတွင် သက်ဝင်လှုပ်ရှားလျက် ရှိပေသည်။ အဆိုပါကော်ရည်သည် လူတို့တွင်ဖြစ်တတ်သည့်သာမာန်အအေးမိ၊ နာစေး၊ ချောင်းဆိုးရောဂါများ၊ အဆစ်ရောင်ရောဂါများ၊ အနုမြူဓါတ်ရောင်ခြည်(သို့) အနုမြူဓါတ်ပြာ ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများနှင့် ကင်ဆာရောဂါခေါ် မြစ်လျှောက်နာရောဂါများကို နှိမ်နှင်းရာတွင် အလွန်အသုံးဝင်သော ဆေးဝါးတစ်မျိုးဖြစ်ကြောင်း သိရှိနားလည်ခဲ့ကြသည်။
Saturday, July 26, 2008
Subscribe to:
Post Comments (Atom)
Blog Archive
Bee Health Marketing Plan
0 comments:
Post a Comment